ပြင်သစ်ရဟတ်ယာဉ်တင်သင်္ဘောတစ်စင်းဟာ လာမယ့် ငါးရက်က ခြောက်ရက်အတွင်း မြေထဲပင်လယ် အရှေ့ပိုင်း ကို ရောက်ရှိလာမှာဖြစ်ပြီး လက်ဘနွန်က နိုင်ငံခြားသားတွေကို ကယ်ထုတ်ဖို့ ဆုံးဖြတ်ချက်ချရင် အသင့်ဖြစ်ဖို့ နေရာယူ ပြင်ဆင်ထားမှာဖြစ်တယ်လို့ သိရပါတယ်။
ပြင်သစ်ရဟတ်ယာဉ်တင်သင်္ဘော ဒစ္စမူဒီကို တော်လွန် ရေတပ်ဆိပ်ကမ်းကနေ မြေထဲပင်လယ်ကို စက်တင်ဘာ ၃၀ ရက်က စေလွှတ်ခဲ့တာလို့ ပြင်သစ်စစ်တပ် ပြောရေး ဆိုခွင့်ရှိသူက အောက်တိုဘာ ၁ ရက်မှာ ပြောခဲ့တာပါ။
လက်ဘနွန်မှာ စစ်ပွဲကြီး အပြည့်အဝဖြစ်လာရင် မိမိတို့ နိုင်ငံသားတွေကို ဘယ်လိုဘေးကင်းစွာ ကယ်ထုတ်ရမယ်ဆိုတာကို အနောက်နိုင်ငံတွေက သူတို့ရွေးချယ်ခွင့်တွေကို ချိန်ဆနေကြပါတယ်။
ဆိုက်ပရပ်စ်နဲ့အတူ ဖြစ်နိုင်ခြေရှိတဲ့ တူကီယဲတို့ဟာ လူပေါင်းသောင်းနဲ့ချီ ခိုလှုံရာနေရာတွေ ပေးထားနိုင်တယ်လို့ ယူဆရပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင်ပိုင်းကို လေကြောင်းက တိုက်ခိုက်ပြီးနောက် မြေပြင်ကျုးကျော်မှုစတင်ချိန်၊ လက်ဘနွန်တောင်ပိုင်းမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။
ပြင်သစ် ရဟတ်ယာဉ်တင်သင်္ဘောမှာ လူနာဆောင်တွေ၊ ခွဲစိတ်ခန်းတွေနဲ့ ဆေးဘက် ဆိုင်ရာ ဝန်ထမ်းတွေ တင်ဆောင်ထားတယ်လို့ သိရပါတယ်။