ပြီးခဲတဲ့နွေရာသီမှာ ဘာစီလိုနာအသင်းကို ငြင်းပယ်ခဲ့တဲ့ ညီဖြစ်သူ နီကိုဝီလျံရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့တယ်လို့ ဘီလ်ဘာအိုတိုက်စစ်မှူး အီနာကီဝီလျံက ပြောကြားလိုက်ပါတယ်။
အသက် ၂၁ နှစ်အရွယ် နီကိုဝီလျံဟာ ပြီးခဲ့တဲ့ နွေရာသီမှာ စပိန်အသင်းနဲ့ ယူရို ၂၀၂၄ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီးနောက် ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမဲ့ အပြောင်းအရွှေ့ဈေးကွက်ပိတ်ချိန်မှာတော့ နီကိုဝီလျံဟာ ဘီလ်ဘာအိုအသင်းမှာပဲ ဆက်ရှိနေခဲ့သလို ရာသီအဖွင့်ပွဲတွေမှာလည်း ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။
ဘာစီလိုနာလို အသင်းကြီးရဲ့ စိတ်ဝင်စားမှုကို ခံရတာက ဂုဏ်ယူစရာကောင်းသလို ဘီလ်ဘာအိုအသင်းမှာပဲ ဆက်နေဖို့ဆုံးဖြတ်ချက်ကလည်း မလွယ်ကူပေမယ့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်လို့ အီနာကီဝီလျံက ပြောသွားခဲ့တာပါ။
ဒါ့အပြင် ဘီလ်ဘာအို အသင်းရဲ့ ဥရောပပြိုင်ပွဲတွေမှာ ညီဖြစ်သူ နီကိုဝီလျံနဲ့အတူ တွဲဖက်ကစားခွင့်ရနေတဲ့အတွက်လည်း ပျော်ရွှင်မိတယ်လို့ အီနာကီဝီလျံက ပြောပါတယ်။
ဘာစီလိုနာအသင်းကတော့ ယူရိုပြိုင်ပွဲမှာ စပိန်အတွက် ခြေစွမ်းပြခဲ့တဲ့ ယာမယ်နဲ့ ဝီလျံတို့ရဲ့ တောင်ပံတိုက်စစ်အတွဲကို အသက်သွင်းဖို့အတွက်ကြိုးစားနေတာဖြစ်ပြီး လာမယ့် နွေရာသီမှာ နီကိုဝီလျံကို ခေါ်ယူဖို့အတွက် ထပ်မံကြိုးစားသွားဖွယ် ရှိနေပါတယ်။