ရုရှားနိုင်ငံပိုင်မီဒီယာကွန်ရက်တွေဖြစ်တဲ့ RT နဲ့ RIA Novosti (ရီးယာ နိုဗိုစတီ)တို့ရဲ့ Facebook နဲ့ Instagram အကောင့်တွေကို စက်တင်ဘာ ၁၇ ရက်မှာ မြင်ရတော့မှာမဟုတ်ဘူးလို့ အဲဒီ ဆိုရှယ်မီဒီယာ ပလက် ဖောင်းတွေရဲ့ မိခင်ကုမ္ပဏီ Meta(မက်တာ) က ကြေညာလိုက်ပါတယ်။

ရုရှားနိုင်ငံပိုင်မီဒီယာကွန်ရက်တွေဟာ အွန်လိုင်းမှာ လျှို့ဝှက်သြဇာလွှမ်းမိုးမှု လုပ်ဆောင်ဖို့ လှည့်စားတဲ့ နည်းပရိယာယ်တွေ အသုံးပြုခဲ့တယ်လို့ Meta က စွပ်စွဲလိုက်ပြီး သူ့ရဲ့ ပလက်ဖောင်းတွေကနေ ပိတ်ပင်လိုက်တယ်လို့ ပြောပါတယ်။
RT ရဲ့ သတင်းကြေညာသူ အွန်နန် အိုနီးလ်ကတော့ RT ချန်နယ်နဲ့ပတ်သက်တဲ့ စွပ်စွဲချက်အားလုံးကို ရုရှားတစ်နိုင်ငံလုံးက ငြင်းဆိုတယ်လို့ တခြားသတင်းစာတစ်ခုကနေ ပြောပါတယ်။
Meta ရဲ့ လုပ်ရပ်က မော်စကိုအတွက် ကုမ္ပဏီနဲ့ ပုံမှန်ဆက်ဆံရေး ဖြစ်ဖို့ အလားအလားကို ရှုပ်ထွေးစေတယ်လို့ ကရင်မလင်က တုံ့ပြန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက် ပေးဖို့ ရိုက်တာသတင်းဌာနရဲ့ တောင်းဆိုမှုကို အိမ်ဖြူတော်က ငြင်းဆိုခဲ့ပါတယ်။
ကြော်ငြာတွေ မလည်ပတ်စေဖို့နဲ့ ပို့စ်တွေရောက်ရှိမှု လျှော့ချတာလို ကန့်သတ်ခြေလှမ်းတွေကို နှစ်ပေါင်းများစွာကြာအောင် လုပ်ဆောင်ပြီးနောက် ကမ္ဘာ့အကြီးဆုံး ဆိုရှယ်မီဒီယာကုမ္ပဏီကြီးက ရုရှားနိုင်ငံပိုင်မီဒီယာတွေကို ပြင်းထန်စွာ တုံ့ပြန်တဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ သြဇာလွှမ်းမိုးရေး အွန်လိုင်းအကြောင်းအရာတွေ ထုတ် လုပ်ဖို့အတွက် အမေရိကန်ကုမ္ပဏီတစ်ခုကို ငှားရမ်းဖို့ စီစဉ်ခဲ့တဲ့ RT ဝန်ထမ်းနှစ်ယောက်ကို အခုလ အစောပိုင်းမှာ အမေရိကန်က ငွေကြေးခဝါချမှု စွဲချက်တင်ပြီးနောက် Meta ရဲ့ လုပ်ဆောင်ချက် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။