နေပြည်တော်ကောင်စီနယ်မြေက ရေဘေးသင့် ပြည်သူတွေကို ရွှေသံလွင် Group SKY NET နှင့် SHWE BANK မိသားစုတို့က ထမင်းဘူးတွေ သွားရောက် လှူဒါန်းခဲ့ပါတယ်။
ထမင်းဘူးလှူဒါန်းမှုအနေနဲ့ စက်တင်ဘာ ၁၅ ရက် က နေပြည်တော် ကောင်စီ နယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်အုပ်စု၊ လှေခွင်းတောင် သာသနာ့နယ်မြေ ကိုးခမ်းကြီးဓမ္မာရုံအတွင်းရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းက ရေဘေးသင့် ပြည်သူတွေကို နေ့လယ်စာ အဖြစ် ထမင်းဘူး (၂၅၀၀) လှူဒါန်းခဲ့ပါတယ်။
ပျဉ်မနားမြို့နယ်၊ အလံတောင်တောရ ရေဘေးစခန်းမှာ ထမင်းဘူး (၅၀၀) ၊ ဆင်ဖြူတောင်အနီး ရွှေတောင်ကြား ကျေးရွာ ရေဘေးစခန်းမှာ ထမင်းဘူး(၂၀၀)နဲ့ ကူးတို့ဆိပ် အခြေခံ ပရိယတ္တိစာသင်တိုက်မှာ ထမင်းဘူး (၈၀၀) လှူဒါန်းခဲ့သလို နေပြည်တော်ကောင်စီနယ်မြေအတွင်းက အလယ်ရွာ၊ ရှမ်းရွာနဲ့ ထိန်ပင်ရွာတွေက ရေဘေးသင့်ပြည်သူတွေကိုလည်း ထမင်းဘူး ၅၀၀ လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ထမင်းဘူးလှူဒါန်းရာမှာတော့ မနက်ပိုင်းမှာ ကြက်ဥထမင်းကြော်၊ ကြက်ဥကြော်၊ ငပိကြော် ပါတဲ့ ထမင်းဘူး အရေ အတွက် ၄၅၀၀ လှူဒါန်းခဲ့တာ ဖြစ်ပြီး ညနေပိုင်းမှာတော့ ထမင်းဖြူ၊ ငါးခြောက်ခရမ်းချဉ်ချက်၊ ငရုတ်သီးကြော် ပါတဲ့ ထမင်းဘူး အရေအတွက် ၅၅၀၀ ကို လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။
စက်တင်ဘာ ဒုတိယပတ်အတွင်းက အာရှဒေသမှာဖြစ်ပေါ်ခဲ့တဲ့ တိုင်ဖွန်း မုန်တိုင်း ရာဂိ အရှိန်ကြောင့် အရှ ဒေသတချို့အပြင် မြန်မာနိုင်ငံမှာလည်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး နေပြည်တော် အပါအဝင် တိုင်း နဲ့ ပြည်နယ်အချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။