ဂျာမနီ အရှေ့ပိုင်း ဒရက်စဒင်မြို့မှာ ပြိုကျခဲ့တဲ့ ကာရိုလာတံတားရဲ့ အကြွင်းအကျန်တွေကို အဲလ်ဘီမြစ်ကနေ စက်တင်ဘာ ၁၃ ရက်မှာ စတင်ဖြိုချခဲ့ပါတယ်။
လမ်းသွားလမ်းလာတွေနဲ့ စက်ဘီးစီးသူတွေ အသုံးပြုတဲ့ တံတားဟာ စက်တင်ဘာ ၁၁ ရက် မနက်အစောပိုင်းက ပြိုကျခဲ့တာပါ။
မီးသတ်တပ်ဖွဲ့ရဲ့ အဆိုအရ တံတားရဲ့ မီတာ ၁၀၀ ရှည်လျားတဲ့ အပိုင်းဟာ အဲလ်ဘီမြစ်ထဲကို ပြုတ်ကျပြီး မြစ်ရေလမ်းကြောင်းကို ပိတ်ဆို့နေတယ်လို့ သိရပါတယ်။
ပြိုကျချိန်မှာ တံတားပေါ်မှာ အသွားအလာ မရှိတဲ့အတွက် ထိခိုက်ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။
လာမယ့်ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်တဲ့အတွက် အာဏာပိုင် တွေဟာ မြစ်ကမ်းနံဘေးက တံတားအကြွင်းအကျန်တွေကို ရှင်းလင်းဖို့ အမြန်လုပ်ဆောင်နေပါတယ်။
တံတားပြို ကျမှုဟာ ရာဇဝတ်မှုကြောင့် မဟုတ်ဘူးလို့ ရဲတပ်ဖွဲ့က ပြောပေမယ့် ပြိုကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ ရက်အတော်ကြာမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။