တိုက်စစ်မှူး ဂရင်းဝုဒ်ကို ခေါ်ယူဖို့ဆုံးဖြတ်ခဲ့ရာမှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို အားလုံးနားလည်ပြီးမှ ခေါ်ယူခဲ့တာဖြစ်လို့ နောင်တရစရာ မရှိဘူးလို့ မာဆေးလ်အသင်းဥက္ကဋ္ဌ လွန်ဂိုရီယာက ပြောလိုက်ပါတယ်။
အသက် ၂၂ နှစ်အရွယ် ဂရင်းဝုဒ်ကို မာဆေးလ်အသင်းဟာ မန်ယူအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၂၆ ဒသမ ၆ သန်းနဲ့ ခေါ်ယူလိုက်တာဖြစ်ပြီး ဂရင်းဝုဒ်ဟာ ပြစ်မှုမှတ်တမ်းရှိထားတာကြောင့် မာဆေးလ်အသင်းရဲ့ ဆုံးဖြတ် ချက်ကို ဝေဖန်တိုက်ခိုက်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။
မာဆေးလ်မြို့တော်ဝန်အပါအဝင် ပရိသတ်အချို့ရဲ့ ဝေဖန် တိုက်ခိုက်မှုတွေရှိခဲ့ပေမယ့် မာဆေးလ်အသင်းဟာ ဂရင်းဝုဒ်ကို ခေါ်ယူဖို့ ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ခဲ့ပြီး လက်ရှိမှာလည်း ဂရင်းဝုဒ်ဟာ အသင်းအတွက် ခြေစွမ်းပြကစားနေတာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းအတွက် ပြင်သစ်လိဂ်ပွဲ ၃ ပွဲမှာ ၅ ဂိုးအထိ သွင်းယူပေးထားခဲ့တာဖြစ်ပြီး ခြေစွမ်းပြနေတဲ့ ဂရင်းဝုဒ်ကြောင့် မိမိတို့ရဲ့ ဆုံးဖြတ်ချက်မှန်ကန်ခဲ့တယ်ဆိုတာ သက်သေပါပဲလို့ လွန်ဂိုရီယာက ပြောခဲ့တာပါ။
ဂရင်းဝုဒ်ကို ခေါ်ယူဖို့အတွက် အကြိမ်ကြိမ် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးမှ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်လို့ နောင်တမရဘူးလို့လည်း လွန်ဂိုရီယာက ပြောဆိုသွားခဲ့ပါတယ်။