ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီနဲ့ အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်တို့ဟာ ယူကရိန်းစစ်ပွဲရဲ့ အရေးပါတဲ့ အခိုက်အတန့်မှာ ယူကရိန်းအစိုးရ အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံမှု ဆက်တိုက် ပြုလုပ်ဖို့ ကိယက်ဗ်မြို့ကို ရောက်ရှိခဲ့ပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီ ကတော့ ယူကရိန်း ဝန်ကြီးချုပ် ဒန်းယ်စ် ရှမီဟယ်နဲ့ စက်တင်ဘာ ၁၁ ရက်က ကိယက်ဗ်မှာ တွေ့ဆုံခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဇယ်လန်းစကီးကတော့ မော်စကိုရဲ့ တိုက်ခိုက်နိုင်စွမ်းကို ကန့်သတ်ဖို့ ရုရှားပိုင်နက်အတွင်းကို တာဝေးပစ် အမေရိကန်နဲ့ ဗြိတိန်လုပ် ဒုံးကျည်တွေအပါအဝင် အနောက်တိုင်းဒုံးကျည်တွေနဲ့ ပစ်ခတ်ခွင့်ပြုဖို့ ဆက်ပြီးမေတ္တာရပ်ခံဖွယ် ရှိပါတယ်။
ဗြိတိန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့ဟာ ကိယက်ဗ်ရဲ့ မဟာဗျူဟာမြောက် ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် ပိုမိုရရှိရေးအတွက် ယူကရိန်းကို တွန်းအားပေးဖွယ်ရှိ တယ်လို့ အနောက်တိုင်းသတင်းရင်းအမြစ်တွေက ဆိုပါတယ်။
တာဝေးပစ်ဒုံးကျည်တွေကို ကိယက်ဗ်သဘော အတိုင်း အသုံးပြုခွင့်ပေးတာက အနောက်အုပ်စုနဲ့ တိုက်ရိုက်ပဋိပက္ခဖြစ်အောင် ရုရှားကို နှိုးဆွရာရောက်မှာကို ၀ါရှင်တန်နဲ့ ဥရောပက စိုးရိမ်နေကြပါတယ်။
ဒါပေမဲ့ စစ်ပွဲမှာ အသာရဖို့ဆိုရင် ယူကရိန်းဟာ အကူအညီ ပိုလို အပ်တာကို အနောက်တိုင်းတာဝန်ရှိသူတွေက အသိအမှတ်ပြုကြပါတယ်။